ဤမြန်မာသံရုံးမှ ကောင်စစ်ဆိုင်ရာ (မြန်မာနိုင်ငံသားဆိုင်ရာ) အောက်ပါ ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ လျှောက်ထားလိုသည့် ကိစ္စအလိုက် လိုက်နာ ဆောင်ရွက်ရန် အချက်အလက်များကို သက်ဆိုက်ရာ ခေါင်းစဉ်အလိုက် ဖတ်ရှုလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်-
(၁) နိုင်ငံကူးလက်မှတ်သက်တမ်းကုန်သဖြင့် သက်တမ်းတိုးခြင်း (MRPနိုင်ငံကူးလက်မှတ်ဆိုင်ရာ အချက်အလက်များအား ဦးစွာ ဖတ်ရှုပါရန်)
(၂) နိုင်ငံကူးလက်မှတ်ပျောက်ဆုံးသဖြင့် အသစ်လျှောက်ထားခြင်း
(၃) မွေးဖွားသော ကလေးအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း
(၄) ဝင်ငွေခွန်ကိစ္စ
(၅) ထပ်ဆင့်ထောက်ခံစာ
(၆) နိုင်ငံခြားသားနှင့်အိမ်ထောင်ကျပြီးမှီခိုသူအတွက် လေယာဉ်ခ
မြန်မာနိုင်ငံသားများ ခရီးသွားလာစဥ်
မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးပါက ဆောင်ရွက်ရန် လုပ်ငန်းစဥ်
စက်ဖြင့် စစ်ဆေးနိုင်သော မြန်မာနိုင်ငံကူးလက်မှတ် (Machine Readable Passport --MRP) များအား သံတမန် ဝန်ထမ်းများ၊ အလုပ်တာဝန်ဖြင့် ပြည်ပသို့ သွားရောက် ကြမည့် ဝန်ထမ်းများ/ ပညာသင်များ၊ ပြည်ပသို့ ကိစ္စ အဝဝ (အလုပ်အကိုင်/အလည်အပတ်/ စီးပွားရေး/ ကျောင်းသား) ဖြင့် သွားရောက်ကြမည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ အာဏာပိုင်များမှ ထုတ်ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပခရီး သွားလာစဥ် ခါးပိုက်နှိုက် ခံရခြင်း၊ လုယက်ခံရခြင်းစသည့် အကြောင်းကြောင်းကြောင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးနိုင်သဖြင့် ပြည်ပခရီး မထွက်ခွာမီကပင် မိမိတို့ ကိုင်ဆောင်သည့် နိုင်ငံကူး လက်မှတ်မိတ္တူ၊ နိုင်ငံကူး လက်မှတ် အမှတ်နှင့် ထုတ်ပေးရက်စွဲတို့ကို သီးသန့် သိမ်းဆည်းယူဆောင်ကြရန် လိုအပ်ပါသည်။ (နိုင်ငံကူးလက်မှတ် အမှတ်နှင့် ထုတ်ပေး ရက်စွဲ တို့ကို ဖော်ပြ၍ အသစ် လျှောက်ထားရမည် ဖြစ်ပါသဖြင့် ထိုသို့ ဖော်ပြနိုင်ခြင်း မရှိပါက အသစ် ပြန်လည် လျှောက်ထား ရာတွင် နှောင့်နှေး နိုင်ပါသည်။)
အကြောင်းကြောင်းကြောင့် လမ်းခရီး၌ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးပါက အောက်ပါ လုပ်ငန်းစဥ်အတိုင်း အမြန်ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေး အကြောင်းကြားအပ် ပါသည်-
(က) ပျောက်ဆုံးသည့် အကြောင်းရင်း (ဥပမာ- ခါးပိုက်နှိုက်ခံရခြင်း) ဖော်ပြလျက် ပျောက်ဆုံးကြောင်းကို အနီးဆုံး ဒေသခံ ရဲစခန်းသို့ သွားရောက် သတင်းပို့ တိုင်ကြားကာ ရဲစခန်း ထောက်ခံစာ ရယူရန် လိုအပ်သည်။
(ခ) ရဲစခန်းထောက်ခံစာ၊ ပျောက်ဆုံးသည့် နိုင်ငံကူးလက်မှတ် အမှတ်၊ ထုတ်ပေး ရက်စွဲ နှင့် နိုင်ငံကူးလက်မှတ် မိတ္တူ တို့ဖြင့် မိမိရောက်ရှိရာ နိုင်ငံရှိ မြန်မာသံရုံး/ အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး သို့ သွားရောက်ကာ အခြေအနေ ရှင်းလင်း ပြောကြားပြီး နိုင်ငံကူးလက်မှတ် အသစ်အား လိုင်စင်ဓါတ်ပုံ (၃)ပုံ ပူးတွဲကာ လျှောက်လွှာဖြင့် လျှောက်ထားရန် လိုအပ်ပါသည်။
(ဂ) မြန်မာသံရုံး၊ အစ္စလာမာဘတ်မြို့သို့ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ကိုယ်ရေးမှတ်တမ်း ပုံစံ ဖြည့်စွက်ရန် အတွက် သံရုံး၏ ဝက်ဘ်ဆိုက်မှ ပုံစံ ရယူနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။ ပုံစံအား အောက်ပါ Link ၌ ရယူနိုင် ပါသည်-
www.me-islamabad.org/images/pdf/PASSPRT_RENEWAL_FORM_MM.pdf
မြန်မာသံရုံး၊ အစ္စလာမာဘတ်မြို့
= = =
ကောင်စစ်ဆိုင်ရာ (မြန်မာနိုင်ငံသားဆိုင်ရာ) ကိစ္စရပ်များ
ဤမြန်မာသံရုံးမှ ကောင်စစ်ဆိုင်ရာ (မြန်မာနိုင်ငံသားဆိုင်ရာ) အောက်ပါ ကိစ္စရပ်များကို ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ လျှောက်ထားလိုသည့် ကိစ္စအလိုက် လိုက်နာ ဆောင်ရွက်ရန် အချက်အလက်များကို သက်ဆိုက်ရာ ခေါင်းစဉ်အလိုက် ဖတ်ရှုလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်-
(၁) နိုင်ငံကူး လက်မှတ် သက်တမ်းကုန်သဖြင့် သက်တမ်း တိုးခြင်း (MRP နိုင်ငံကူး လက်မှတ်ဆိုင်ရာ အချက်အလက်များအား ဦးစွာ ဖတ်ရှုပါရန်) (Form- to download)
(၂) နိုင်ငံကူး လက်မှတ် ပျောက်ဆုံးသဖြင့် အသစ် လျှောက်ထားခြင်း
(၃) မွေးဖွားသော ကလေးအတွက် နိုင်ငံကူး လက်မှတ် လျှောက်ထားခြင်း
(၄) ဝင်ငွေခွန် ကိစ္စ
(၅) ထပ်ဆင့် ထောက်ခံစာ
(၆) နိုင်ငံခြားသားနှင့် အိမ်ထောင်ကျပြီး မှီခိုသူအတွက် လေယာဉ်ခ
Type of Visa | Visa Fees | Length of Stay | |
(a) | Tourist Visa | 40 USD | (28) Days |
(b) | Business Visa (Single) | 50 USD | – (70) Days – Can apply stay extension according to the rules and regulations. |
(c) | Official Visa (Single) | 50 USD | – (70) Days – Can apply stay extension according to the rules and regulations. |
(d) | Employment Visa | 50 USD | – (70) Days - Can apply stay extension according to the rules and regulations. |
(e) | Workshop / Seminar / Meeting/Research Visa | 40 USD | - (28) Days - Can apply stay extension according to the rules and regulations for Research purpose, but other types cannot apply. |
For other visa categories, please refer to the attached table but the payment method is the same. Alternatively, you can apply e-visa from the website mentioned in the beginning of this information sheet or access the FAQ :
http://evisa.moip.gov.mm/faq.aspx
Please note that the following requirements are to be met for any category of visa: